Open Cbox
Tuesday, 26 June 2012
ရှုခင်းများ (၇) (သစ္စာနီ)
ငါ….
ရင်ခုန်ခဲ့ဖူးတယ်။
ဟောဒီမှာ….
တိုက်တာတွေ ပိုကြီးလာတယ်
လူတွေပိုသေးလာတယ်။
ကားတွေပိုပေါလာတယ်
အောက်စီဂျင်တွေ ပိုရှားလာတယ်။
ဆိုင်းဘုတ်တွေ ပိုကျပ်လာတယ်
ပိုက်ဆံအိပ်တွေ ပိုချောင်လာတယ်။
ရန်ကုန်
သွေးဆုံးတာကြာပြီ….။
သစ္စာနီ
http://www.facebook.com/lei.waimonမှမလဲ.ဝေမွန်ရေးသားထားသောကဗျာလေးပါ
သို့ ...... ညီမလေး
ညီမလေးရေ .....
အမြင့်ကိုမှန်း
လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ
ခွန်အားအပြည့်ပါ,ပါစေကွယ်။
သစ်ပင်မြင့်လေ လေတိုက်ခံရလေဆိုတာ
ဖြစ်နေကျ အစဉ်အလာမို့
အနှစ်နှစ်အလလ ပျိုးခဲ့ရတဲ့
ဘ၀သစ်ပင် မယိုင်လဲစေဖို့
ညီမလေးရေ ......
အမြစ်တွေလဲ ခိုင်ပါစေ။
ကြမ်းတမ်းခက်မာ
လမသာတဲ့ညတွေကြား
စိတ်ပျက်အားငယ်စရာများ ကြုံလာခဲ့ရင်
ဝီရိယကို အဖော်ခေါ်
ညီမလေးရေ .......
ဘ၀မှာ နေပျော်ပါစေကွယ်။
သိက္ခာနဲ့ အသပြာ ယှဉ်လာခဲ့ရင်
အသပြာကို ဘေးဖယ် -
သိက္ခာကိုသာ ရွေးချယ်
ညီမလေးရေ ......
ဘ၀မှာ တင့်တယ်ပါစေကွယ်
ဆိတ်ကွယ်ရာရဲ့ ဖြားယောင်းမှုအောက်
မတော်တဆများ ရောက်ခဲ့ရရင်
ကိုယ့်ကျင့်တရားကို ခြုံ
ညီမလေးရေ ......
ဘ၀မှာ လုံခြုံပါစေကွယ်။
ကိုယ့်ဘက်က လက်ဖမိုး -
သူ့ဘက်က လက်ဖ၀ါး
ဒီလိုလူတွေကြားမှာ
ဒေါသကို ရှေ့မထားနဲ့ -
ညီမလေးရေ ......
ဘ၀မှာ အမှားနဲပါစေကွယ်။
မာယာကြွယ်တဲ့ လောကအလယ်
အချစ်ကိုယုံမှတ် ဘ၀ကိုပုံမအပ်လေနဲ့
အပျိုစင်ဂုဏ် မပျက်စေဖို့
အရှက်တရားကို စိတ်မှာမှတ်
ညီမလေးရေ ......
ဘ၀မှာ မိန်းမမြတ်ပီသပါစေကွယ်။
ရုန်းကန်လှုပ်ရှား လောကဓံကြားမှာ
သနားသင့်သူကိုသနား
ကူသင့်သူကိုကူ
တွဲထူသင့်သူကို လက်ကမ်း
(ဒါပေမဲ့)
ရေများရာ ရွာတဲ့
အဖိုးမတန် မိုး မဖြစ်ပါစေနဲ့
ညီမလေးရေ .....
(ဘ၀မှာ)
အတ္တနဲ့ ပရ မျှတပါစေကွယ်။
သီလ ငါးချက် စိတ်မှာမှတ်
မေတ္တာ တရား လက်ကိုင်ထား
ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ အတူနေ
ညီမလေးရေ .....
ဘ၀မှာ အောင်မြင်ပါစေကွယ်။
အောင်သပြေကို ညောင်ရေလောင်းလို့
ထပ်ခါ ထပ်ခါ ဆုတောင်းပေးပါတယ်
ညီမလေးရေ ....... ဘ၀မှာ
အစစ အရာရာ အဆင်ပြေအောင်မြင်ပါစေကွယ်။
အမည်မဲ့ . ၂ ( သစ္စာနီ . ရုပ်ရှင်မျက်မှန် 1987 )
အဲဒီလှောင်အိမ်ထဲကငှက်ကို
ငါ့ခေါင်းနဲ့ လဲစမ်းပါ။
ငှက်တစ်ကောင်မှာ
ခြေထောက်ရှိတယ်
အတောင်ပံရှိတယ်
ချိုသာတဲ့ သီချင်းရှိတယ်။
ငါ့ခေါင်းမှာ
အဲဒါတွေ မရှိဘူး။
ဖန်ချိုင့်ထဲကငါးကို
ငါ့လက်တွေနဲ့ လဲစမ်းပါ။
ငါးတစ်ကောင်မှာ
မျက်လုံးရှိတယ်
ပါးစပ်ရှိတယ်
အလိုရှိရာကို ကူးခတ်သွားလာနိုင်တယ်။
ငါ့လက်မှာ
အဲဒါတွေ မရှိဘူး။
ပန်းပဲဖိုက ပေတုံးကို
ငါ့အသည်းနှလုံးနဲ့ လဲစမ်းပါ။
ပေတုံးတစ်တုံးမှာ
မျက်ရည်မရှိဘူး
အိပ်မက်မရှိဘူး
သန့်စင်တဲ့ဝိညာဉ်မရှိဘူး။
ငါ့အသည်းနှလုံးမှာ
အဲဒါတွေ ရှိနေတယ်။
ခံစားမိတာလေးပါ
သစ္စာဖောက်ခြင်းက သင့်ကို အနာတရမဖြစ်စေနိုင်ဘူး သင့်ကို
အနာတရဖြစ်စေနိုင်တာက သင့်ရဲ့ အလေးထားမှု လမ်းခွဲခြင်းက သင့်ကို
အနာတရမဖြစ်စေနိုင်ဘူး သင့်ကို အနာတရဖြစ်စေနိုင်တာက သင့်ရဲ့အတိတ်ကအမှတ်တရ
မချစ်မကြင်နာလို့ ပြီးဆုံးသွားတဲ့အချစ်က သင့်ကို အနာတရမဖြစ်စေနိုင်ဘူး
သင့်ကို အနာတရဖြစ်စေနိုင်တာက သင့်ရဲ့မျှော်လင့်ချက် အချစ်က
သင့်ကိုနာကျင်ထိခိုက်စေခဲ့ပြီလိ
ု့ သင်အမြဲဆိုတယ် တကယ်တော့ သင့်ကိုနာကျင်ထိခိုက်စေတာက သင်ကိုယ်တိုင်ပဲဖြစ်တယ်
Subscribe to:
Posts (Atom)